မင်းဘာကြီး

From Arakan Wikipedia
Revision as of 20:24, 3 December 2024 by Ounghlathein (talk | contribs) (Created page with "==မင်းဘာကြီး (နန်းစံ ၁၅၃၁-၁၅၅၃)== 300px|thumb|right|Sample Image ရွ...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

မင်းဘာကြီး (နန်းစံ ၁၅၃၁-၁၅၅၃)

Sample Image

ရွှေရောင်လွှမ်းမိုးသည့် မြောက်ဦးမြို့တော်ခေတ်ကို အစပျိုးခဲ့သူ ဖြစ်သည်။ အိမ်နိမ့်ဘဝတွင် တောင်ရင်းကျွန်း၊ စစ်သူကြီးနှင့်သံတွဲစား အသီးသီး စားခဲ့သည်။ ဘုန်းလက်ရုံးနှင့် ပြည့်စုံပြီး သံတွဲမှ အလုံးအရင်းနှင့် ချီတက်လာကာ မြောက်ဦးထီးနန်းကို သိမ်းပိုက်ရယူခဲ့လေသည်။

အုပ်ချုပ်ရေးနှင့် စီးပွားရေးတို့အတွက် ရွှီမျဉ်းဓမ္မသတ်ကို ပြဋ္ဌာန်းခဲ့သည်။ မြို့တော်ကိုလည်း ခိုင်ခန့်စေပြီး မိမိတပ်ကိုလည်း ခေတ်မီအောင် ပေါတူဂီတို့အား ငှားရမ်းကာ လေ့ကျင့်ပျိုးထောင်ခဲ့သည်။ နန်းရ၍ တစ်နှစ်တွင်ပင် အနောက်တလွှား စစ်တကောင်းနှင့် ဒက္ကာတို့ကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ ၁၅၃၅ ခုနှစ်တွင် ချီတက်လာသည့် ပေါတူဂီရေတပ်ရန်စစ်ကို အောင်နိုင်လိုက်သဖြင့် မြောက်ဦး၏ တန်ခိုးအင်အားသည် ကြီးထွားလာခဲ့သည်။ အရှေ့လက်နက်နိုင်ငံ တောင်ငူသည်လည်း ၁၅၄၇ ခုနှစ်မှစ၍ သုံးနှစ်တိုင်တိုင် လုပ်ကြံသော်လည်း မအောင်မြင်ချေ။

မင်းဘာကြီးသည် သျှစ်သောင်းပုထိုးတော်ကြီး၏ ဒါယကာတော်ဖြစ်သည်။ မင်းကြီးတွင် သျှင်မြဝါနှင့် မဟာပညာကျော်တို့မှာ လက်ရုံးများ ဖြစ်ခဲ့ကြသည်။ လက်အောက်ခံ ကုလားတို့က ဇောက်ပေါက်သျာဟု ခေါ်ကြသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)