မင်းဘာပြင်ပြု ရွှေမြောက်ဦး

From Arakan Wikipedia
Revision as of 20:28, 3 December 2024 by Ounghlathein (talk | contribs) (Created page with "300px|thumb|right|Sample Image မင်းစောမွန်အစပြု တည်ထောင်ခဲ့သ...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search
Sample Image

မင်းစောမွန်အစပြု တည်ထောင်ခဲ့သော မြောက်ဦးမြို့တော်ကို အရှေ့မှ ရန်စစ်ကို ခံနိုင်အောင် မင်းဘာကြီးသည် တည်ထောင်ပြုစု စီမံခဲ့လေသည်။ မြို့ထက်ဝန်းကျင်ရှိ တောင်ထိပ်တို့ကို အုတ်ကျောက်တို့ဖြင့် စီခြင်း၊ မြှင့်ခြင်း၊ တံခါးကွေ့၊ တံခါးကောက် စသည်တို့ဖြင့် ရေလှောင်မြောင်း၊ တန်ဆောင်း၊ ပြအိုး၊ ပစ္စင်ရင်တားတို့ကို ကောင်းစွာစီရင်ခြင်း၊ ရေကျုံး၊ ညွန်ကျုံး၊ ကျုံးခြောက်၊ ကျုံးပင်လယ် စသည်တို့ဖြင့် အထားအနေသင့်စေခဲ့သည်။ မြို့ရံ တစ်ဆယ့်တစ်မြို့ကိုလည်း တည်ခဲ့သည်။ ကမ်းပိုင်ကြီးများကို ဆည်ခဲ့သည်။ ချောင်းပေါင်း ၂၆ ချောင်းကို ပိတ်ခဲ့သည်။ သေနတ်၊ မီးပေါက်၊ အမြောက်၊ စိန်၊ ပြောင်း၊ ဓါးလှံ လက်နက်အပြည့် တပ်ဆင်ထားခဲ့သည်။ လက်ဝဲလက်ယာ ရန်သူတို့သည် မချဉ်းမကပ် နိုင်အောင် စီမံခဲ့သည်။ ထိုသို့မပြုပြင်ခင်ကပင် နန်းတော်အသစ်ကို ဆောက်ခဲ့သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)