စိုင်းတင်ချောင်း
မယူမြစ် ၏ လက်ယာကမ်းရှိ အဓိကပင်မမြစ်လက်တက်ဖြစ်သည်။ ပေတစ်ထောင်ကျော်မြင့် သောတောတောင်လျှိုမြောင်များကို မိုင် ၃၀ မျှနှင့် မြေနုလွင်ပြင် ၁ဝမိုင်မျှကို ဖြတ်လာကာ ဘူးသီးတောင်မြို့ ၏ တောင်ဘက် ၆ မိုင် အကွာတွင် ကုလားပန်ဇင်းချောင်း နှင့်ပေါင်းဆုံသည်။ ပင်မစိုင်းတင်ချောင်းသည် စိုင်းဒင်ရေတံခွန် မြောက်ဘက်အနီးတွင်အရှေ့ဘက်မှ ရိချောင်းနှင့်ပေါင်းဆုံသည်။ ဝါးတောကြီးများရှိသည်။ရှေးအခါကဝါဂွမ်းနှင့် သစ်တောထွက်ပစ္စည်းများ ထွက်ရှိသည်။ စိုင်းတင်(မြို့) စားဟု ရှိခဲ့သည်။ အဝပိုင်းတွင် ဒုံးသိမ်မှာ ထင်ရှားသည်။ ချောင်းရိုးတွင် မြို နှင့် ခမီး များ နေထိုင်ကြသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)