ဘုရားကြီး-ဝေသာလီ

From Arakan Wikipedia
Jump to: navigation, search
Sample Image

ဝေသာလီမြို့တော်ဟောင်းတွင် ရှိပြီး တိုင်းစန္ဒရားမင်းနှင့် မိဖုရားတို့က မြို့တည်ဘုရားအဖြစ် တည်ထားခဲ့သည်။ ဉာဏ်တော် ၁၇ ပေ ၈ လက်မမြင့်ကာ ကျောက်တစ်လုံးတည်းကို မဟာမုနိထိုင်ဟန် ထုဆစ်ထားသည်။ နန်းရာ၏ မြောက်ဘက်အနီး တောင်ကုန်းငယ်ပေါ်တွင် ကိန်းဝပ်သည်။ ယခုမျက်လုံးတော်မှာ ခေတ်လက်ရာဖြစ်၍ မူလလက်ရာ မျက်လွှာချသည့် တည်ကြည်မှုမှာ မပေါ်လွင် တော့ပေ။ ဝေသာလီဘုရားကြီးဟုလည်း ခေါ်သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)