မင်းကျွန်
အိမ်ထောင်ပြုထားသူကို ရှေးအခါကပင် ခေါ်လာသည့်အမည် ဖြစ်သည်။ ရှေးအခါက ၎င်းနှင့် မိသားစု လုပ်ကိုင်စားသောက်နိုင်ရန် ဘုရင်မင်းက သင့်လျော်သောအရပ်သို့ ရွှေ့ပြောင်းနိုင်သဖြင့် မင်းကျွန် (မင်း၏ စေစားရာသို့ သွားရသည့် တိုင်းပြည်ကျွန်)ဟု တွင်ခြင်း ဖြစ်သည်။
အရပ် (ထောင်နယ်) တစ်ခုစီတွင် လုပ်ကိုင်စားသောက်သူများ ပြွတ်သိပ်ခြင်း မရှိစေရန် ရည်ရွယ်၍ မင်းမိန့်ထုတ်ပြန်ကာ ပြဋ္ဌာန်းခဲ့လေသည်။ အရပ်သစ်၊ ထောင်နယ်သစ်တွင် သုံးနှစ်အခွန် လွတ်ခွင့် ရတတ်သည်။ မင်းကျွန်၏ ဇနီးမယားကို မင်းကျွန်မဟု ယခုတိုင်ခေါ်နေဆဲ ဖြစ်သည်။
ကိုးကား
ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)