မြေပုံမြို့
မြေပုံမြို့သည် ကြတ်စင်ကျွန်း၏ တောင်ဘက်အဆုံး မြေပုံမြစ်၏ လက်ဝဲကမ်းတွင် ရှိသည်။ ၁၈၆၃ ခုတွင် မြို့အဆင့် ဖြစ်လာသည်။ မြို့တည်အရပ်၌ မြေပူသဖြင့် မြေပုံမြို့ဟုတွင်သည် ဟူ၏။ မြို့၏ အနောက်ဘက်တွင် ၄၅၄ ပေမြင့်သော ခေါစာတောင်တန်းငယ် ရှိသည်။ ရေလမ်းခရီးလမ်းဆုံကျပြီး ရေလုပ်ငန်းကြောင့် ထင်ရှားသည်။ အငူမော်စေတီမှာ အဓိကရဖြစ်ပြီး မြို့မြောက်ဘက်အနီး ကံသာ မီးတောင်မှာ ထင်ရှားသည်။ မြို့ပေါ်လူဦးရေ ၁၅၅၆၄ ဦး ရှိသည်။ မြို့ဧရိယာ ၀.၄၉ စတုရန်းမိုင်နှင့် ရပ်ကွက် ၉ ကွက် ရှိသည်။ မြို့လူထုသို့ ကန်တော်ကြီးမှ ရေဖြန့်ဝေပေးသည်။ မြေပုံမှ မင်းပြားသို့ လမ်းကြမ်းသည် ၂၃ မိုင်ရှည်သည်။