ယိုင်းသာခြင်း

From Arakan Wikipedia
Jump to: navigation, search
Sample Image

ရခိုင်သားချော့တေး ဖြစ်သည်။ အကြောင်းအရာနှင့် အတိတ်တဘောင်တို့ကိုပါ ထည့်သွင်း သီဆိုတတ်ကြသည်။ ‘ယိုင်း-ယင်ယင့်-ယိုင်း’ဖြင့် အစချီပြီး ယင်းအလိုက်နှင့်ပင် ဆုံးရသည်။ တစ်ခါတစ်ရံ ‘ဇူးဝေ-ဝေဇူး’ ဖြင့် ဆုံးတတ်သည်။ အဆုံးအပိုဒ်ကို ရွတ်ဆိုချိန်၌ ရင်သွေးငယ်မှာ အိပ်မောကျချိန် ဖြစ်တတ်သည်။ အရွေ့သာခြင်းဟုလည်း ခေါ်သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)