စိုင်းဒင်ရေတံခွန်

From Arakan Wikipedia
Jump to: navigation, search

ရခိုင်ကမ်းမြှောင်ဒေသတွင် အကြီးမားဆုံးသော ရေတံခွန် ဖြစ်သည်။ စိုင်းတင်ချောင်း တွင်ရှိ၍ အမည်တွင်သည်။ ပေ ရဝခန့်မြင့်ပြီး အကျယ်ပေ ရဝဝခန့်ရှိသည်။ ပေ ၅ဝဝကျော် မြင့်သော တောင်တန်းကြီး နှစ်ခုအကြား ကျောက်လွှာပြတ်မှ ရေလုံးကျဆင်းခြင်းဖြစ်သည်။ ရေဖမ်းနယ်မှာ မြောက်ဘက် ဘင်္ဂလားဒေ့ခ်ျနယ်စပ်အထိရှည်လျားပြီး အလျားမိုင်၃၀၊ အနံ၁၅မိုင်မျှကျယ်ဝန်းသည်။ ရေတံခွန်တစ်ဝိုက်တွင် သဘာဝဝါးတော ကြီးများ ရှိသည်။ သဘာဝရေအား လျှပ်စစ်နှင့် စက္ကူထုတ်လုပ်ရန် အရင်းအမြစ်များ ရှိကြသဖြင့် အင်္ဂလိပ်ခေတ် ကပင် ထုတ်ယူသုံးစွဲရန် ကြိုးပမ်းခဲ့ကြသည်။ရေတံခွန်သည် မယူမြစ်ဝမှ မိုင် ၅၀၊ စစ်တွေမြို့ မှ အဖြောင့်မိုင် ၆၀ ဝေးသည်။ စိုင်းတင်ရေတံခွန်ဟုလည်း ရေးကြသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)