မဟာပညာကျော်

From Arakan Wikipedia
Jump to: navigation, search

မဟာပညာကျော်(၁၄၈၈-၁၅၉၉)

မြောက်ဦးခေတ်အလယ်တွင် အထင်ရှားဆုံးသော ပညာရှိသုခမိန် ဖြစ်သည်။ ပညာရှိမျိုးရိုးဖြစ်ပြီး ငယ်မည်မှာ မြတ်သာထွန်း ဖြစ်သည်။ မင်းဘာကြီးသျှင်မြဝါတို့နှင့် ငယ်သူငယ်ချင်းလည်း ဖြစ်သည်။ ဉာဏ်ပညာအရာ၌ ထူးချွန်ပြီး မင်းဘာကြီး၏ ပြုပြင်ပြောင်းလဲရေးတွင် တရားစစ်သူကြီးအဖြစ် ပါဝင်ခဲ့သည်။

အုပ်ချုပ်ရေးအတွက် အရေးကြီးသော ရွှီမျှိုင်းဓမ္မသတ်ကို သျှင်မြဝါနှင့်အတူ ရေးဆွဲခဲ့သည်။ ဆယ့်နှစ်ဦးပါဝင်သော သုခမိန်အဖွဲ့တွင် အမတ်ချုပ်ကြီးဖြစ်ခဲ့သည်။ စီမံမှုကောင်းသဖြင့် ၁၅၃၃-ခုနှစ်တွင် စစ်တကောင်းမြို့စားနှင့် မဟာပညာကျော်ဘွဲ့တို့ကို ရရှိခဲ့ပြန်သည်။ မင်းခြောက်ဆက်တိုင် မင်းတိုင်ပင်အမတ်ကြီးဖြစ်ခဲ့ပြီး ဘုရင်ကို သွန်သင်ဆုံးခွင့် ရရှိခဲ့သည်။ သူ၏ဖြတ်ထုံးများသည် အစဉ်အလာ ဓမ္မသတ် ပေါ်တွင်သာမက ပစ္စက္ခအခြေအနေပေါ်တွင် ကိုယ်ပိုင်ဉာဏ်ကွန့်မြူးပြီး စီရင်ဆုံးဖြတ် နိုင်ခဲ့သည်။ ဆယ့်နှစ်ရာသီ ရတု၊ စစ်ချီတက်ကျမ်းနှင့် ရာဇနီတိကျမ်းတို့ကိုလည်း ပြုစုခဲ့သည်။ မင်းရာဇာကြီးလက်ထက် ဟံသာဝတီစစ်ချီခရီး (ယင်း-ရှု) မှအပြန် ၁၅၉၉-ခုနှစ်တွင် မော်တင်အနီး၌ လွန်လေသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန်အောင်လှသိန်း