မြောက်ဦးမြို့

From Arakan Wikipedia
Revision as of 09:13, 28 September 2022 by Ounghlathein (talk | contribs)
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search
Mrauk-U, or Arrakan (city of Arrakan), in the first plan of the Portuguese settlement of Daingri-pet. In Wouter Schouten : Oost-Indische Voyagie, t.o. p. 148. 1676'

မြောက်ဦးမြို့တော်ဟောင်းကို အခြေခံ၍ တည်ဆောက်ထားသည့်မြို့ ဖြစ်သည်။ မြောက်များစွာသော အကြံအစည်များကို ဦးဦးဖျားဖျား အောင်မြင်ခဲ့သဖြင့် မြို့အမည်တွင်သည်။ ကုလားတန်မြစ်ဝှမ်းနှင့် လေးမြို့မြစ်ဝှမ်းလွင်ပြင်စပ်ကြား တောင်နိမ့်တောင်တန်းတွင် တည်ရှိသည်။

၁၈၂၅ ခုမှ ၁၉၇၈ ခုအထိ မြို့ဟောင်းအဖြစ် တွင်ခဲ့သည်။ သျှစ်သောင်း၊ အံတော်၊ ထုက္ကန်သိမ်၊ လေးမျက်နှာ၊ လောင်ဗွန်းပြောက်၊ ရတနာပုံ၊ မာရ်ငါးပါး၊ ဘုရားပေါ်နှင့် ကိုးသောင်းပုထိုးတို့မှာ ထင်ရှားကြသည်။

မြို့ပေါ်လူဦးရေ ၃၆၉၁၀ ဦး ရှိသည်။ မြို့ဧရိယာ ၀.၈၃-စတုရန်းမိုင်နှင့် ရပ်ကွက် ၇ ကွက် ရှိသည်။ မြို့သည် ပင်လယ်ရေပြင်အထက် ၁၇ ပေ အမြင့်တွင် ရှိသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)