မင်းပြားမြို့နယ်

From Arakan Wikipedia
Jump to navigation Jump to search
Sample Image

ဧရိယာစတုရန်း ၁၃၃၈.၄၆ မိုင် ကျယ်ဝန်းပြီး အရှေ့ဘက်တွင် တောတောင်ထူသည့် ရခိုင်ရိုးမတောင်ကြီး ဖြစ်သည်။ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော ၈၆.၄၉ စတုရန်းမိုင် ရှိသည်။ ဘူးရွက်မညှိုးလမ်းသည် ဤမြို့နယ်မှ ဖြတ်သွားသည်။ တောင်ဘက်တွင် မြစ်ချောင်းပေါသည်။ ပန်းမြောင်းကြီးချောင်း၊ တရွေးချောင်း၊ မင်းကြောင်းချောင်း၊ ပြွန်ရှည်ချောင်း၊ ကြက်စင်မြစ်၊ ရဲတဲမြစ်တို့မှာ ထင်ရှားကြသည်။ စပါးစိုက်ဧရိယာ ၁၃၃.၀၈ စတုရန်းမိုင် ရှိသည်။ ဆန်စပါးနှင့် သစ်ဝါးလုပ်ငန်းများ ရှိသည်။ ရိက္ခာဖူလုံမှုမှာ ၂၀၉ ရာခိုင်နှုန်း ဖြစ်သည်။ ပုစွန်ကန် ၃၀၀ နှင့် မွေးမြူဧရိယာ ၆၂၅၅ ဧကရှိသည်။ မြို့နယ်လူဦးရေ ၁.၈၅ သိန်းကျော် ရှိသည်။ ကျေးရွာအုပ်စု ၆၂ စု၊ ကျေးရွာငယ် ၂၄၆ ရွာ ရှိသည်။ ရခိုင်၊ ချင်း၊ ဒိုင်းနက်မရမာကြီးတို့ နေထိုင်ကြသည်။ စစ်တွေ-အမ်းလမ်းသည် ဤမြို့နယ်ကို ၂၇ မိုင် ဖြတ်သွားသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)