မြောက်ဦးမြို့တော်ဟောင်း

From Arakan Wikipedia
Jump to navigation Jump to search
Sample Image

စစ်တွေမြို့မှ အရှေ့မြောက်ဘက် မိုင် ၄၀ ခန့်အကွာတွင် တည်ရှိသည်။ မြောက်လတ္တီတွဒ် ၂ဝ ဒီဂရီ ၂၅ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၁ မိနစ်တွင် တည်ရှိသည်။ ရေလမ်းဖြင့် မိုင် ၄၀၊ ကားလမ်းဖြင့် မိုင် ၉၀ ဝေးသည်။ စစ်တွေ-အမ်းလမ်းသည် မြို့တော်ဟောင်းရှိ မင်းသားကျွန်း တံခါးမှဝင်ပြီး၊ ကွမ်းစျီးတံခါးမှ ထွက်ကာ ကျုံးသုံးတန်ကို ဖြတ်သွားသည်။ ဤလမ်းသည် နန်းတော်ကုန်း အနီးမှ တစ်ဖာလုံခန့် ဖြတ်သွားသည်။ နန်းတော်ကုန်းမှာ ပေ ၅၀ ခန့်မြင့်သည်။ ကျောက်တံတိုင်းသုံးထပ် ကာရံထားသည်။ နန်းတော်ဝင်းသည် ၁.၂ စတုရန်းမိုင်မျှ ကျယ်သည်။

မြို့တော်ဟောင်းတွင် ဘုရား ပုထိုးတို့သည် နေရာအနှံ့တွင် ကိန်းဝပ်ကြသည်။ အရွယ်အစားမျိုးစုံ ကျောက်ဆင်းတုတော်တို့မှာ ဖူး၍မကုန် ရှိလှသည်။ အထပ်ထပ်ကာရံ ထားသော မြို့ရိုးတံတိုင်းများမှာလည်း ၁၉ မိုင်မျှ ရှည်လျားသည်။ မြောက်ဦးမြို့တော်ဟောင်းသည် ရခိုင်တို့၏ ဂုဏ်ဆောင် ရခိုင်ယဉ်ကျေးမှု အမွေအနှစ်မြို့တော်လည်း ဖြစ်သည်။ ရှေးယခင်ကပင် ရှိခဲ့သော ကျောင်းတိုက်ကြီး ၃၀၊ မြို့တံခါး ၃၃၊ ရီတံခါး ၈၊ မြို့ရိုးတံတိုင်း ၁၄ခု၊ ကျုံးကြီးမြောင်းကြီး ၃၅ ခုတို့၏ ရုပ်ကြွင်းများမှာလည်း ပြည့်လျှံနေသည်။


ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)