အမ်းတောင်ကြားလမ်း
Jump to navigation
Jump to search
အမ်းမြို့မှ ရခိုင်ရိုးမတောင်ကိုဖြတ်ကာ မြန်မာပြည်အလယ်ပိုင်းသို့ သွားသော ဤလမ်းသည် အမ်းမြို့မှ ၁၆ မိုင်အကွာ နတ်ရေကန်တောင်ထိပ်(၄၉၄ရပေ) အထိ တက်သွားသည်။ (ယခု ရှောင်ကွင်းလမ်း ဖေါက်ထားသည်) ခေတ်အဆက်ဆက် အသုံးပြုခဲ့သည်။ ရှေးအခါက တောင်ကုတ်လမ်းထက် ပိုမိုအသုံး ပြုခဲ့ကြသည်။ မူလက နွားဖြင့် သယ်ယူပို့ဆောင်ပေးသော လမ်းသာ ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များမှစ၍ ရာသီမရွေး သွားလာနိုင်ပြီ ဖြစ်သည်။ အမ်းကြိုး တံတား(ပေ၅၆၀) ကြောင့် အမ်းမြစ်ဝ တပ်တောင်အထိ သွားလာနိုင်ပြီ ဖြစ်သည်။ အမ်းမှနယ်ခြားအထိ ၃၄.၄ မိုင်၊ နယ်ခြား (ကမြင်ကန်)မှ ပဒါန်းအထိ ၂၉.၄ မိုင်၊ မင်းဘူးသို့ဆက်၍ မြေပြန့်ခရီး ၃၅.၅ မိုင် ဝေးသည်။ တောင်ပေါ်ခရီး၌ အကွေ့အကောက် အချိုးအဆစ် များလှသည်။ လမ်းလည်းကျဉ်းသည်။ အမြင့်ဆုံးနေရာမှာ ပင်လယ်ရေပြင်မှ ၄၆၆၄ ပေ မြင့်သည်။
ကိုးကား
ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)