ငနှလုံးမင်းကြီး

From Arakan Wikipedia
Jump to: navigation, search

နေရဥ္စရာတောင်ငူထီးနန်းကို ခမည်းတော် နယ်သိမ်းမင်းထံမှ ၁၂၄၆-ခုနှစ်တွင် ဆက်ခံသူ ဖြစ်သည်။ မင်းကြီးသည် ပညာနှလုံးနှင့်ပြည့်စုံ၍ အမည်တွင်ပြီး ဘေးတော်ဘိုးတော် ခမည်းတော်တို့ကျင့်ထုံးကို လက်သုံးပြုသည်။ ပြည်သူရွာသားတို့သည် နှောင့်ရှက်ခြင်း ကင်းကုန်၏။ အလွန်တရာ ချမ်းသာဝပြောကုန်၏။

ဤမင်း၏အမတ် ပညာရှိဝိဇိလမှာ ထင်ရှားသည်။

ဤမင်းလက်ထက် ဘင်္ဂလားသို့စစ်ချီအပြန်တွင်ရခဲ့သော သုံ့ပန်း ၄၇၅ဝဝတို့ကို ဘုရင်ပိုင်လုပ်ငန်းဌာနများ၌ ချထားခဲ့သည်။ သူ၏စွမ်းဆောင်မှုကြောင့် ရခိုင်၏အနောက်တံခါးသည် ပို၍ လုံခြုံသွား ခဲ့လေသည်။

နန်းစံ ၄-နှစ်တွင် လွန်လေပြီး သားတော်အလောမာဖြူက ဆက်ခံသည်။ အနှလုံးမင်းလည်း ဟူ၏။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)