စက်လေးပါး

From Arakan Wikipedia
Jump to: navigation, search

စက်လေးပါးဆိုသည်မှာ မြို့တော်၏ ကောင်းမြတ်သော အင်္ဂါရပ်လေးပါး ဖြစ်သည်။ (၁) ထီးနန်းစိုက်ရာ ပဋိရူပစသော စက်လေးပါး ညီသော အောင်မြေမင်္ဂလာအရပ်၌ မြတ်စွာဘုရားဓါတ်တော်မွေတော် ပိဋကတ်တော်ကျမ်းဂန်၊ သီလဝန်၊ဂုဏဝန်၊ ဆရာမွန်ဆရာမြတ်၊ မှူးမတ်ကောင်းပြည့်စုံ၍ သာသနာတော်ထွန်းလင်း ပြည်ရှင်မင်းဘုန်း ကျက်သရေတိုးခြင်း၊(၂)ဆင်ဆယ်မျိုးထက်မြတ်သောဆဒ္ဒန်ဆင်ဖြူရောက်တော်မူခြင်း(၃)ခုနစ်ပြည်ထောင်မင်းတို့ ဝပ်စင်းကြည်ညို ရိုသေလေးမြတ်စွာ သားသမီးရတနာတို့ကို ဆက်သ၍ ရွှေငွေ၊ ကျောက်သံပတ္တမြား များ ခြင်းနှင့်(၄)ရန်သူမျိုးငါးပါးမဖျက်ဆီးနိုင်ရာ၊ရန်မန်တကာတို့ကို အောင်မြင်ခြင်းတို့ဖြစ်ကြသည်ဟုစကားထုံးပုံကိုညွှန်း၍ မဟာပညာကျော်လျှောက်ထုံး ၌ ပါရှိသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)