စစ်တကောင်းမြို့စစ်ဆင်ထုံး

From Arakan Wikipedia
Jump to: navigation, search

မင်းထီး လက်ထက် မောက်သူဇာဘင်္ဂါဆယ့်နှစ်မြို့ ကုလားတို့ သက်မင်း ငဖုန်းနှင့် ပေါင်းပြီး၍ ဒီလီပဆာမင်း ထံဝင်လျက် သောင်းကျန်းလေပြန်ရာ စစ်သူကြီးဓမ္မဇေယျနှင့် ကိုယ်ရံ ကြီးပြသထ ထိုနှစ်ယောက်ကိုရဲမက်တစ်သိန်းငါးသောင်းနှင့်ချီတက်စေခါ နှိမ်နင်းခဲ့သည်။

မဟားစိုးကျွန်းတွင် သက်တို့သည် ခိုင်လုံစွာနှင့်ကြိမ်တန်းတောင်ကခံနေလေသည်။ ကုလားများလည်း စစ်တကောင်းအဝင် ဟင်ရာဝက သင်္ဘောတစ်ရာ၊ လက်နက်အစုံနှင့် ဆီးဆို့နေလေသည်။ ရခိုင်တပ်က မရိမ်ဝတွင် သူရဲတစ် သောင်းနှင့် ခိုင်ခန့်စွာနေပြီး စပ်တင်လှေကြီးငါးရာကို ကျောက်တင်စေပြီးမှ သင်္ဘောထွက် ရေကြောင်း၌ ညဉ့်အခါသွား၍ မြှုပ်ထားစေသည်။ ထိုသို့ပြီးလေရာ ဝါးဖေါင်တစ်ထောင်၌ အမှိုက်ပြည့်စွာထည့်လျက် လူရုပ်သဏ္ဍာန် လက်နက်စွဲကိုင်စေ၍ စစ်ဝတ်ဆင်ပြီးလျင် ထိုဝါးဖေါင်တွင် အများ ထည့်လေသည်။ ယင်းသို့ ပြီးမူ ယမ်းအိုးများစေ့အောင် ဝါးဖေါင်၌ ထည့်လေ၍ ဖြားကြီးသောနေ့၌ မြစ်ညာက ထိုဝါးဖေါင်တို့ကို မျှောလေရာ သင်္ဘောကုလားတို့က လူအမှတ်ထင်၍ အမြောက်နှင့် ပစ်လေသည် ကာလ ဝါးဖေါင်၌ ယမ်းအိုးကမီးထ၍ သင်္ဘောသို့ ရောက်လတ်လျင် ပင်လယ်သို့ထွက်လေရာ ရေကြောင်းပိတ်ဆို့ ရှိပြန်လေသောကြောင့် မထွက်နိုင်လေ။ ထိုဝါးဖေါင်တို့သည် မီးပုံကြီးစွာ ထပ်ကာထပ်ကာ မျောလာထိခိုက် သင်္ဘောကို မီးစွဲလေ၍ သင်္ဘောတပ် ပျက်သုံးလေရာ ကုန်းတပ်ကုလားတို့ စစ်တကောင်းမြို့က ဆုတ်သွားကြလေလျှင် မြို့ကို ဓါးလှံမကျိုး လွယ်ကာနှင့် ရလေသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)