စစ်တွေခရိုင်

From Arakan Wikipedia
Jump to: navigation, search

၁၉ ရာစုခေတ်တွင် စတင်ဖွဲ့စဉ်က ရခိုင်မြောက်ပိုင်းကိုးမြို့နယ် ပါဝင်သည်။ ရခိုင်တောင်တန်းနယ်ကို သီးခြား ခွဲထုတ်လိုက်သည့်အခါ ခရိုင်ဧရိယာ ၅၂၅၁ စတုရန်းမိုင် ရှိခဲ့သည်။ ၁၉၉ဝပြည့်နှစ်ဝန်းကျင်ပြန်လည်ဖွဲ့စည်းသည့် အခါ မြေပုံမြို့နယ် ပါဝင်လာသည်။ ဘူးသီးတောင်ခရိုင် ကို ဖွဲ့စည်းသည့်အခါ ခုနစ်မြို့နယ်သာ ပါဝင်တော့သည်။ တဖန် မောင်တောခရိုင် ဟု ဖွဲ့စည်း ပြန်သဖြင့် စစ်တွေခရိုင် တွင် ရှစ်မြို့နယ် ( စစ်တွေမြို့နယ်ကျောက်တော်မြို့နယ်မြောက်ဦးမြို့နယ်မင်းပြားမြို့နယ်မြေပုံမြို့နယ်ပေါက်တောမြို့နယ်ပုဏ္ဏားကျွန်းမြို့နယ် နှင့် ရသေ့တောင်မြို့နယ် ) ပါဝင်ပြီး ခရိုင်ဧရိယာ (၄၈၂၇.၆၅) စတုရန်းမိုင်နှင့် စပါးစိုက်ဧရိယာ ၉၀၀-စတုရန်းမိုင်ခန့် လူဦးရေ ၁၅.၉၆သိန်းကျော် (၂၀၁၂ခု) ရှိခဲ့သည်။ ၂၀၁၃ခုနှစ် ဧပြီလတွင် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် မြေပုံမြို့နယ်များကို ပေါင်းစည်း၍ မြောက်ဦးခရိုင် ဟု ဖွဲ့စည်း ခဲ့ရာ စစ်တွေခရိုင်တွင် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း နှင့် ပေါက်တောမြို့နယ်တို့သာ ပါဝင်တော့သည်။ မြို့နယ် ၄ ခု၊ မြို့ ၄ ခု၊ ရပ်ကွက် ၄၅ ခု၊ ကျေးရွာအုပ်စု ၂၆၀ စု၊ ကျေးရွာငယ် ၆၄၂ ရွာ၊ ခရိုင်ဧရိယာ (၁၃၈၀.၅၅)စတုရန်းမိုင်၊ စပါးစိုက်ဧရိယာ ၄၁၉.၉၇-စတုရန်းမိုင်နှင့် လူဦးရေ ၆.၉၀ သိန်းကျော် (၂၀၁၄ခုနှစ်) ရှိသည်။ ပုစွန်ကန် ၂၈၄၃-ကန်နှင့် မွေးမြူဧရိယာ ၅၂၉၅၈-ဧက ရှိ၏။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)