စံရွှေဖူး(ဦး)
Jump to navigation
Jump to search
ဦးစံရွှေဖူးသည် ၁၈၈၂ ခုနှစ်တွင် ဖွားမြင်ပြီး ၁၉၄၅ ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။ ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှုရေးရာများ ကို သုတေသနပြုကာအင်္ဂလိပ်ဘာသာဖြင့် ရေးသားဖေါ်ပြခဲ့သူ ဖြစ်သည်။ ၁၉၁ရ ခုနှစ်မှ ၁၉၂ရခုနှစ်အထိ မြန်မာနိုင်ငံ သုတေသနဂျာနယ်တွင် ရေးသားခဲ့သည်။ မူလကျောင်းဆရာဖြစ်ပြီး နောင်တွင် ဘိလတ်ပြန် ဝတ်လုံတော်ရ ဖြစ်လာသည်။ ဒုတိယအကြိမ် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲတွင် စစ်တွေမြို့ ၌ ရှေ့နေ (မောင်)မြထွန်းနှင့် ပြိုင်ရာ မင်းတိုင်ပင်အမတ်အဖြစ် ရွေးကောက်ခံရဖူးသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)