နေပူတောင်

From Arakan Wikipedia
Jump to: navigation, search
Sample Image

ရခိုင်ရိုးမရှိ တစ်ခုတည်းသော အလှဆင်ကျောက် (မာဘယ်) ထွက်ရှိရာ တောင်ကြီး ဖြစ်သည်။ တောင်ကုတ်မှ ၂၉ မိုင် ၄ ဖါလုံ အကွာ တောင်ကုတ်တောင်ကြားလမ်းဘေးတွင် ရှိပြီး ပင်လယ်ရေပြင်မှ အထက် ၂၂၂၃ ပေမြင့်သည်။ ၁၉၆၀ ပြည့်လွန်နှစ်များက စတင်တွေ့ရှိခဲ့လေသည်။

ကျောက်တောင်သည် ယခုအမြင့်ပေ ၃၀၀ ခန့်ရှိသည်။ နှစ်သက်တမ်းမှာ ၇၅ သန်းကျော် ရှိသည်။ တန်ဘိုးမှာ ကုဋေကုဋာချီ၍ရှိကြောင်း ဆိုကြသည်။ နေပူတောင်ကျောက်၏ ထူးခြားချက်တစ်ခုမှာ နေပူထဲ၌ အေးမြနေခြင်းပင် ဖြစ်သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)