ပွိုင့်

From Arakan Wikipedia
Jump to navigation Jump to search

စစ်တွေမြို့၏ တောင်ဘက်အစွန်းအငူကို အင်္ဂလိပ်လို (Point) ဟုခေါ်ခြင်း ဖြစ်သည်။ ဒေသခံတို့က ဗဒေါမော်အငူဟုခေါ်၏။ ကုလားတန်မြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်တို့ ဆုံဆည်းရာအရပ်ပင် ဖြစ်၏။ မြန်မာပြည်၏ ပထမဆုံးသော မီးပြတိုက် ရှိသည်။ ယခု မြို့၏ အပန်းဖြေစခန်းတစ်ခု ဖြစ်သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)