ဘားပူစာရ

From Arakan Wikipedia
Jump to navigation Jump to search

မြောက်ဦးခေတ်တွင် ဘုရင်ကိုယ်စား ဆန်စပါးရောင်းဝယ်တင်ပို့မှုကို တာဝန်ယူရသည့် အမတ်ကြီး ဖြစ်သည်။ ထို့ကြောင့် ‘ဘားပူဟိယင့်၊ ဆန်ဟိယင့်’ (ဘားပူအမတ်ရှိလျင် ရခိုင်ပြည်၌ ဆန်ရှိမြဲ ဖြစ်သည်) ဟု ဆိုရိုးရှိခဲ့သည်။ ၎င်းစခန်းချရာတောင်ကို ဘားပူတောင်ဟု တွင်နေသည်။ မြောက်ဦးနန်းတော်၏ အနောက်ဘက်တွင် ရှိသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)