ဘဲငါးရာတောင်
Jump to navigation
Jump to search
ယိုးချောင်း၏ အနောက်ဘက်ကမ်း၊ မင်းကြီးတောင်တန်း၏ တောင်ဘက်ပိုင်းတွင် ၁၃၆၁ ပေမြင့်ပြီး တောင်ထိပ်သည် တောင်ကလပ်သဖွယ် ထူးခြားလှပသည်။ တောင်ထိပ်သည် တောင် မြောက် ၃၅၀ ပေ၊ အကျယ် ၂၇ ပေမျှ ရှိသည်။ အရှေ့ဘက်နှင့် တောင်ဘက်ပိုင်းတို့သည် မတ်စောက်ပြီး မြောက်ဘက်သည် ဆင်ခြေလျှောဖြစ်ကာ အနောက်ဘက်၌ အနည်းငယ် မတ်သည်။ တောင်ထိပ်တွင် ဘဲလက်တော်စေတီနှင့် အခြားနှစ်ဆူတို့ ကိန်းဝပ်သည်။ တောင်တော် တစ်ခိုတွင် ဘေးမဲ့ဆေးဥယျာဉ်တော်ကြီးတစ်ခု ရှိခဲ့ပြီး ဒေဝဂန္ဓရီတောင် ဟုလည်း တွင်သည်။ ယိုးတရုပ်ရွာမှ မင်းကြောင်း တောင်တက်လမ်းအတိုင်း နှစ်နာရီခန့် တက်ရသည်။ တန်းဆောင်မုန်းလပြည့်နံနက်သည် ရပ်နီးရပ်ဝေး ဘုရားဖူးသူများကြောင့် အလွန်စည်ကားသည်။ ယခုအခါ ဤတောင်ကို အာရကန်ဖူဂျီယားမာဟု တင်စားထားကြ၏။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)