မင်းခရီ

From Arakan Wikipedia
Jump to: navigation, search
Mrauk-U, or Arrakan (city of Arrakan), in the first plan of the Portuguese settlement of Daingri-pet. In Wouter Schouten : Oost-Indische Voyagie, t.o. p. 148. 1676'

မင်းခရီ (နန်းစံ ၁၄၃၃ - ၁၄၅၉) သည် မြောက်ဦးထီးနန်းကို နောင်တော်မင်းစောမွန်နှင့်အတူ ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်သည်။ နောင်တော် မလွန်မီတွင် နန်းမွေကို လွှဲအပ်ခံရသည်။ အိမ်နိမ့်ဘဝက သံတွဲစား ဖြစ်သည်။

လောင်းကြက်စစ်ကြောင့် နောင်တော်သည် ဘင်္ဂလားတွင်ခိုလှုံနေစဉ် ဟံသာဝတီနှင့် သင့်တင့်အောင် ပေါင်းဖက်ကာ ရခိုင်ထီးနန်းကို ယာယီစံခဲ့သည်။ ရခိုင်တွင် ပြည်ပရန်များ ဆုတ်ယုတ်သွားမှ ၁၄၂၈-ခုနှစ်တွင် နောင်တော်ကို ပင့်ဖိတ်ကာ ထီးနန်းကိုပြန် အပ်ခဲ့သည်။

ပြည်သူအရေးကို ဦးထိပ်ထားသူ ဖြစ်သည်။ စီးပွားဖြစ်လုပ်ငန်းကို အားပေးတော်မူသည်။ အရင်းအနှီး ထုတ်ပေးခြင်း၊ အခွန်အကောက်တို့ကို သုံးနှစ်ကင်းလွတ်ခဲ့သည်။ သူ၏စွမ်းဆောင်ရည်ကြောင့် မြောက်ဦးသည် တမဟုတ်ချင်း တိုးတက်သွားပြီး ၁၄၃၇-ခုနှစ်တွင် သံတွဲနယ်သည် ပူးပေါင်းလာသည်။

၁၄၅၀ ပြည့်နှစ်တွင် စုက္ကရားနှင့် စစ်တကောင်းကို လက်ဝင်ပြန်ဖြစ်စေခဲ့သည်။ ၁၄၅၄ ခုနှစ်တွင် အင်းဝမင်းနှင့် ဖိုးခေါင်တောင်တွင် တွေ့ဆုံကြကာ မဟာမိတ်ကို ပိုမိုခိုင်မြဲစေခဲ့သည်။ ၁၄၅၈-ခုတွင် မြို့တော်ကို သျှမ်းတို့ ဝန်းရံလာသည်ကို ကိုယ်တိုင်နှိမ်နင်းပြီးနောက် မကြာမီတွင်ပင် လွန်လေသည်။ သားတော် ဘစောဖြူက နန်းမွေဆက်ခံသည်။

မင်းခရီသည် မြောက်ဦးခေတ် တလျှောက်လုံးတွင် နန်းသက်အရှည်ဆုံးမင်း ဖြစ်ပြီး မြောက်ဦးခေတ်၏ အင်အားတောင့်တင်းမှု အုတ်မြစ်ကိုလည်း ချပေးခဲ့သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅