မင်းပြားမြို့
Jump to navigation
Jump to search
ရှေးရခိုင်တွင် စည်ပင်ခဲ့ရာမြို့တစ်မြို့ ဖြစ်သည်။ ယခုမြို့ကို ရာမောင်မြစ်လက်ဝဲ ကမ်းနဖူးတွင် ကျိန်းတောင်၏ အရှေ့ဘက် တောင်ခြေအနီး၌ အင်္ဂလိပ်တို့က တည်ခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် မြို့ဖြစ်လာသည်။ မြောက်ဦးသို့ ကားမိုင် ၂၀၊ အမ်းသို့ ၈၈ မိုင်ဝေးသည်။ စစ်တွေမြို့နှင့် ရေလမ်းအဆက်အသွယ် ရှိသည်။ ခရီးလမ်းဆုံတွင်ရှိ၍ စည်ပင်သည်။ ကျိန်းတော်စေတီမှာ ထင်ရှားသည်။ မြစ်ကမ်း နဖူးမှာ နှစ်စဉ်ရေတိုက်စားခြင်း ခံရသည်။ မြို့ပေါ်လူဦးရေ ၂၃၂၅၈ ဦး ရှိသည်။ မြို့ဧရိယာ ၀.၆၀ စတုရန်းမိုင်နှင့် ရပ်ကွက် ၃ ကွက် ရှိသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)