မယူရှင်မနတ်

From Arakan Wikipedia
Jump to navigation Jump to search

ဓညဝတီနတ်စိုင်အရ မယူမြစ်ဝကို စောင့်ရှောက်ထားသည့် ရိုးရာနတ်ဖြစ်ပြီး ရခိုင်ဒေသစောင့်နတ် ၁၁၂ ပါးတွင် အဓိကရပြည်ပိုင်မနတ် ဟူ၏။ သူမ၏နတ်ကွန်းမှာ မြစ်ဝအနောက်ကမ်း မကျည်းချောင်း မြောက်ဘက်အနီးတွင် ရှိသည်။ ဝေသာလီခေတ်နတ်ကွန်း ကျောက်ဆစ်လက်ရာများ ရှိသည်။ မယူရှင်မတွင် ရဲပန်ဇင်းနှင့် ရဲအောင်တိုင်ဟူ၍ သားနှစ်ပါး ရှိသည်ဟူ၏။ မယူရှင်မ၏ညီမမှာ ရာမောင်ရှင်မ(ယင်း-ရှု) ဟူ၏။ ပြည်စောင့်နတ်သမီး ၁၂-ပါး-ရှု။