မအီချောင်း
ရိုးမတောင်ရှိ မြင်မတိန်တောင်မှ မြစ်ဖျားခံကာ ကွေ့ကောက်စီးဆင်းပြီး ကလိန်တောင်မြစ် ထဲသို့ စီးဝင်သည်။ ချောင်းဝပိုင်း လက်ယာကမ်းတွင် မအီရွာ၊ လက်ဝဲကမ်းတွင် ပြင်ဝန်းရွာတို့မှာ ထင်ရှား ကြသည်။ ချောင်းဖျားတွင် မအီစက်တော်ရာမှာ ထင်ရှားသည်။ ယခင်က မအီစားဟူ၍ ရှိခဲ့သည်။ မြောက်ဦးကျပြီးနောက် အမရပူရတပ်တို့က နောက်နောင် ရခိုင်ပြည်သားတို့ လှန်ပြန် လတ်သော် ခရီးလမ်းမထောက်ရစေ ဟူသောအမှတ်ဖြင့် ဤချောင်းတွင် စစ်တပ်တည်၍ ထားခဲ့သည်။ ယခု ချောင်းကူးတံတားမှာ ပေ ၉၀၀ ရှည်ပြီး ၁၈-၁၁-၂၀၀၁ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ တောင်ကုတ်မှ ၄၂ မိုင် ၄ ဖါလုံတွင် တည်ရှိသည်။
ကိုးကား
ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)