မာရယု

From Arakan Wikipedia
Jump to navigation Jump to search
Sample Image

ရခိုင်သမိုင်းကို စတင်သူအဖြစ် ထင်ရှားသည်။ ဖခင်မှာ မိစ္ဈိမဒေသမှ သကျနွယ်ဝင် အဇ္ဈုနသျှင်ရသေ့ ဖြစ်သည်။ မိခင်မှာ ကုလားတန်မြစ်ညာအရပ် သက်(ဆက္ကမ)မင်းကြီး၏ သမီးတော် ဣန္ဒမာယု ဖြစ်သည်။ မြိုတို့အထဲတွင် ကြီးပြင်းလာခဲ့ပြီး လေးနှင့်သံလျက် အတတ်ကို တတ်ပွန်သည်။ ထိုစဉ် အကြေအရပ် ဝေသာလီ၌ ငဆဒ္ဒန်တို့ ညီအစ်ကို မောင်နှမခုနစ်ဦးတို့က ပုန်ကန်ထကြွ ဖျက်ဆီးနေကြသည်။ မာရယုသည် အလုံးအရင်းနှင့် ဤဆူးငြောင့်များကို သုတ်သင်ရှင်းလင်း ပြီးနောက် ဓညဝတီမြို့ကို တည်ထောင်လေသည်။

ဤမင်း၏ နန်းသက်ကို အချို့က ၆၂ နှစ်ဟု ယူကြ၏။ မာရယု၏အမည်မှာ မာရ(ခေါ်)မရန်း (အုပ်ချုပ်သူ)တို့၏ ယုဂ (ခေါ်) ယိုဂ် (အကြီးအကဲ)ဟု ယူဆကြသည်။ နန်းရနှစ်ကို ဘီစီ ၃၃၂၅ ဟု ဖေါ်ပြကြသည်။

ကိုးကား

ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)