မေကံယုံ

From Arakan Wikipedia
Jump to navigation Jump to search
Sample Image

ဒဏ္ဍာရီသမိုင်းလာ ကံကိုသာယုံသူမင်းသမီး ဖြစ်သည်။ ဓညဝတီပြည်ရှင်က သူ၏သမီးတော်သည် ခမည်းတော်၏ ဘုန်းကံကြောင့်သာ ထိုထိုစည်းစိမ်ကို ခံစားရသည် မဟုတ်လောဟုမေးရာ မိမိကံကြောင့်သာလျင် ခံစားခြင်းသာဖြစ်ကြောင်း လျှောက်တင်သဖြင့် ၎င်းအား မြို့တော်မှနှင်ချ လိုက်လေသည်။ သူမ၏ဖေါင်သည် တောင်ရင်းကျွန်းသို့ ရောက်ရှိသွားသည်။ မင်းသမီးသည် မိမိကံကြောင့် ထိုအရပ်၌ ပတ္တမြားများရရှိခဲ့၍ ချမ်းသာလာကာ နောင်တွင် ခမည်းတော်က တောင်ရင်းကျွန်းအရပ်ကို ကျေးစား ပေးခဲ့သည်ဟူ၏။ မေကံယုံသချႋုင်း ဟူ၍ မနော်သီရိရွာ အရှေ့ဘက်အနီးတွင် ရှိသေးသည်။

ကိုးကား

ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)