ရခိုင်ဆင်ယင်ထုံးဖွဲ့မှု

From Arakan Wikipedia
Jump to navigation Jump to search
alt text

ရှေးအခါက ရခိုင်အမျိုးသားတို့သည် ပင်ရှည်ဒယော (တောင်ရှည်ပုဆိုး)၊ ခေါင်းပေါင်း (ပေါင်းတော်)၊ ပြင်ခံ (တိုက်ပုံ)၊ ပုဝါရှည်ပုဆိုးပိုင်းတို့ကို ဆင်ယင်ရသည်။

အမျိုးသမီးတို့မှာ ရင်ကန့်၊ ပုဆိုးပိုင်းပုဝါရှည်၊ နောက်စထမိန်၊ ဘာဇူအင်းကျီ၊ ခါးကြိုး၊ သော့ကြိုး စသည်တို့ကို ဆင်မြန်းရသည်။ ဘုရားကျောင်းကန်သို့သွားလျင် ရင်ကပ် ခေါ် ရင်ဘတ်မှဒူးအထိရစ်ကာ လုံအောင်ဖုံးရသော အဝတ်စကို ဝတ်ရသည်။

ရခိုင်ဆင်ယင်ထုံးဖွဲ့မှုနှင့် ပတ်သက်၍ ရှေးအခါက “ဘောင်းတော်လေးဆယ်၊ စလွယ်ကိုးပါး၊ ခါးကြိုးငါးရပ်၊ လက်စွပ်ရှစ်ဆယ်တစ်၊ လည်ရစ်ကိုးခွေ၊ နဘေကိုးဆင့်၊ ကြယ်ပွင့် တစ်ဆယ့်ခြောက်၊ လက်ကောက်နှစ်ဆယ်၊ ပန်းသွယ်ငါးမျိုး၊ ဆံထိုးရှစ်ခု၊ ပန်းပုရှစ်ချပ်၊ ခြေစွပ်ခုနစ်ပါး၊ ကိုယ်လွှားငါးမျိုး၊ ဆံထုံးငါးဆယ်ငါး” စသည်အားဖြင့် ရှိခဲ့သည်။ အဆင့်တန်းအလိုက် စည်းကမ်းတကျ ဝတ်ရခြင်း ဖြစ်သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)