ရခိုင်အမျိုးသားပါတီ
Jump to navigation
Jump to search
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ပူးပေါင်း၍ တစ်ပါတီတည်းအဖြစ် တည်ထောင်ဖွဲ့စည်းခွင့်ကို ဆိုင်ရာကော်မရှင်မှ ၁၃-၁-၂၀၁၄ ရက်တွင် စိစစ်ခွင့်ပြုခဲ့သည့် ရခိုင်ပါတီဖြစ်သည်။ အင်္ဂလိပ်လို Arakan National Party ဖြစ်သည်။ ရခိုင်ပြည်သူတို့၏ တောင်းဆိုချက်များအရ တစ်ပါတီတည်း ပေါင်းစည်းသည်ဟူ၏။
ဤပါတီမှတ်ပုံတင်ခြင်းကို ၆-၃-၂၀၁၄ ရက်တွင် ခွင့်ပြုခဲ့သည်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလအကုန်တွင် ပထမအကြိမ် ပါတီညီလာခံကို ကျင်းပခဲ့သည်။ ပါတီဥက္ကဋ္ဌမှာ ဒေါက်တာအေးမောင် ဖြစ်လာသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)