သျှင်မဖြူကျွန်း

From Arakan Wikipedia
Jump to: navigation, search
သျှင်မဖြူကျွန်း - Shapuree Island (Google Map)

နတ်မြစ်အနောက်ဘက်ကမ်းအဝတွင် ရှိသည်။ ကယုချောင်းမှ တောင်ဘက် ၉ မိုင်အကွာတွင် ရှိသည်။ ၁၇၈၅ ခုနှစ်တွင် စစ်ဘေးခိုလှုံလာသူ လက်ဝဲမြန်အား အင်္ဂလိပ်တို့က ဤကျွန်းအုပ်အဖြစ် ခန့်ခဲ့သည်။ သျှင်မညိုကျွန်းဟုလည်း ရှိသေးသည်။ ယခုနတ်မြစ်ရေရိုးသည် သျှင်မဖြူကျွန်း၏ အရှေ့ဘက်မှ စီးဆင်းသွားပြီး ကျွန်းသည် ဘင်္ဂလားဒေ့ရှ်ပိုင်ကျွန်းဆွယ်နှင့် တစ်စပ်တည်းလိုလို ဖြစ်သွားသည်။ ဤကျွန်းကို အင်္ဂလိပ်လို (Shapuree) ဖြစ်သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)