ယိုးတရုပ်
ယိုးချောင်း၏ လက်ဝဲကမ်း အလယ်ပိုင်းတွင် အကြီးဆုံးသော ရွာကြီး ဖြစ်သည်။ အနောက်တောင်ဘက်အနီးတွင် ဘဲငါးရာတောင် ရှိသည်။ အထက်တန်းကျောင်း ရှိသည်။ တိုက်နယ်ကျန်းမာရေးဌာနနှင့် ရဲစခန်းရှိသည်။ စစ်တွေမြို့မှ ကားမိုင် ၄၂ မိုင်ဝေးသည်။ လူဦးရေ ၃၃၄၄ ဦးရှိသည်။ ဤရွာ၏စည်ပင်ခဲ့မှုကို ‘နတ်ပြည်ကဆုတ်၊ ယိုးတရုပ်’ ဟု တင်စားထားကြသည်။ ကွမ်းတောင်-ကျောက်တော် မီးရထားလမ်းသည် ယိုးတရုပ်ကို ဖြတ်သွားပြီး ဘူတာရုံ ရှိသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)