Difference between revisions of "စုက္ကရား"
Ounghlathein (talk | contribs) (Created page with "စစ်တကောင်း ၏ တောင်ဘက် မိုင် ၄၀ ဝေးပြီး ပင်းဝါ မှ မြောက်ဘက် မိ...") |
(No difference)
|
Latest revision as of 21:56, 25 December 2020
စစ်တကောင်း ၏ တောင်ဘက် မိုင် ၄၀ ဝေးပြီး ပင်းဝါ မှ မြောက်ဘက် မိုင် ၃၀ ဝေးသည်။ မတာမူရီချောင်း လက်ဝဲကမ်းပေါ်တွင် ရှိ သည်။ ချောင်းဝမှ မိုင်၂၀ ကွာ၏။ မြောက်ဦးခေတ် အစတွင် မင်းခရီ က ထပ်မံသိမ်းသွင်းခဲ့သည်။ စုက္ကရားကို တစ်ခါတစ်ရံ သက်ကုလားတို့က နှောင့်ယှက်တတ်သည်၊ သိမ်းပိုက်တတ်သည်။ အင်္ဂလိပ်-မြန်မာပထမ စစ်ပွဲ တွင် မြန်မာတပ်သည် ဤအရပ်အထိ ချီတက်သိမ်းပိုက်ခဲ့သည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)