Difference between revisions of "ဘားပူစာရ"
Ounghlathein (talk | contribs) (Created page with "မြောက်ဦးခေတ်တွင် ဘုရင်ကိုယ်စား ဆန်စပါးရောင်းဝယ်တင်ပို့မှုကိ...") |
(No difference)
|
Latest revision as of 23:02, 29 September 2022
မြောက်ဦးခေတ်တွင် ဘုရင်ကိုယ်စား ဆန်စပါးရောင်းဝယ်တင်ပို့မှုကို တာဝန်ယူရသည့် အမတ်ကြီး ဖြစ်သည်။ ထို့ကြောင့် ‘ဘားပူဟိယင့်၊ ဆန်ဟိယင့်’ (ဘားပူအမတ်ရှိလျင် ရခိုင်ပြည်၌ ဆန်ရှိမြဲ ဖြစ်သည်) ဟု ဆိုရိုးရှိခဲ့သည်။ ၎င်းစခန်းချရာတောင်ကို ဘားပူတောင်ဟု တွင်နေသည်။ မြောက်ဦးနန်းတော်၏ အနောက်ဘက်တွင် ရှိသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)