Difference between revisions of "အေးသာအောင်(ဦး)"

From Arakan Wikipedia
Jump to: navigation, search
 
Line 1: Line 1:
 +
[[File:Arakan-wikipedia-sample-image-master-jpg.jpg|300px|thumb|right|Sample Image]]
 
ဦးအေးသာအောင်သည် ရခိုင်ပြည်နယ် [[မြေပုံ]]မြို့နယ်ဇာတိဖြစ်ပြီး ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မွေးဖွားသည်။ ပဉ္စမတန်းထိ (မြေပုံမြို့) အ.ထ.ကကျောင်း၊ ဆဋ္ဌမတန်းမှ High School Final(အောင်)ထိ ဗဟိုစံပြ အထက်တန်းကျောင်း၊ လသာ အမှတ်(၁) ရန်ကုန် တို့တွင် ပညာသင်ကြားခဲ့သည်။  
 
ဦးအေးသာအောင်သည် ရခိုင်ပြည်နယ် [[မြေပုံ]]မြို့နယ်ဇာတိဖြစ်ပြီး ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မွေးဖွားသည်။ ပဉ္စမတန်းထိ (မြေပုံမြို့) အ.ထ.ကကျောင်း၊ ဆဋ္ဌမတန်းမှ High School Final(အောင်)ထိ ဗဟိုစံပြ အထက်တန်းကျောင်း၊ လသာ အမှတ်(၁) ရန်ကုန် တို့တွင် ပညာသင်ကြားခဲ့သည်။  
  

Latest revision as of 00:23, 12 October 2024

Sample Image

ဦးအေးသာအောင်သည် ရခိုင်ပြည်နယ် မြေပုံမြို့နယ်ဇာတိဖြစ်ပြီး ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မွေးဖွားသည်။ ပဉ္စမတန်းထိ (မြေပုံမြို့) အ.ထ.ကကျောင်း၊ ဆဋ္ဌမတန်းမှ High School Final(အောင်)ထိ ဗဟိုစံပြ အထက်တန်းကျောင်း၊ လသာ အမှတ်(၁) ရန်ကုန် တို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၆၉ ခုနှစ်တွင် နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ပြီး UNLD ခေါ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအဖွဲ့ချုပ်တွင် အတွင်းရေးမှူးတာဝန်၊ ၁၉၉၀ တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ ၁၉၉၈ ခုနှစ်တွင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီတွင် အတွင်းရေးမှူးတာဝန်၊ ၂၀၁၂ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ALD တွင် ဥက္ကဋ္ဌအဖြစ်နှင့် ၂၀၁၂ ခုနှစ်တွင် UNA ပြည်ထောင်စု တိုင်းရင်းသားမဟာမိတ်အဖွဲ့တွင် သဘာပတိ၊ ရခိုင်အမျိုးသားပါတီတွင် ဗဟိုအလုပ်အမှုဆောင်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၇၅ တွင် အကျဉ်းကျ။ ၂၀၀၀ ပြည့်နှစ်တွင် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံရသည်။ ထောင်တွင်း၌ပင် အဆုတ်ကင်ဆာရောဂါ ပိုမိုဆိုးဝါးလာသောကြောင့် ၂ နှစ်ခွဲခန့်အကြာတွင် ပြန်လွတ်လာခဲ့သည်။ အဆုတ်ကင်ဆာရောဂါကို ခွဲစိတ်ကုသမှု ခံယူလိုက်သောအခါ အသံသည် ပြောမရသည့်အဆင့်သို့ ရောက်သွားသည်။ အဆင်ပြေပြေ စကားပြောနိုင်သည့်အဆင့် ရောက်အောင် ကာလရှည်ကြာ ကြိုးစားလေ့ကျင့်ခဲ့ရသည်။

ရေးသားထုတ်ဝေထားသော စာအုပ်များ

- ရခိုင်အမျိုးသားရေးနှင့် ပြည်ထောင်စုပြဿနာ (၂၀၁၄)

- ပြည်ထောင်စုအရေးနှင့်အတွေးများ (၂၀၁၉)

ကိုးကား

၁။ The Voice သတင်းစာ

၂။ ရခိုင်အမျိုးသားရေးနှင့် ပြည်ထောင်စုပြဿနာ

၂။ Wikipedia - English

၃။ Wikipedia - Burmese