စစ်တကောင်းမြို့

From Arakan Wikipedia
Revision as of 01:13, 20 December 2020 by Ounghlathein (talk | contribs)
Jump to: navigation, search
သက္ကရာဇ် ၂၀၁၇ ခုနှစ် စစ်တကောင်းမြို့မြင်ကွင်း

စူဠစန္ဒြမင်းတည်ထောင်ခဲ့သည့်မြို့ဟု ယူဆကြသည်။ ငနှလုံးမင်းလက်ထက် အနောက်သို့ စစ်ချီရာတွင် ကုလားစစ်သည်တို့က ဤမြို့တွင် ခိုင်ခံ့စွာ နေခဲ့သည်။ မခံနိုင်၍ ငါးရက်အကြာတွင် ဆုတ်ခွာ သွားကြသည်။ မင်းထီးလက်ထက်တွင် စစ်တကောင်းမြို့ကို ဘင်္ဂလားမှ ကျူးကျော်ခဲ့သည်ကို ရန်သူတို့အား မီးဖေါင်ဖြင့် တိုက်ခိုက်အောင်နိုင်ခဲ့သည်။ သိဥ္စည်းမင်းသည်တိုက်၍ နိုင်ခဲ့သည်။ မြောက်ဦးခေတ်တွင် မင်းခရီ နှင့် ဘစောဖြူမင်း တို့က လက်ဝင်ထပ်မံ ပြုခဲ့သည်။ မင်းဘာကြီးကလည်း ဤအရပ်ကို ခိုင်ခန့် အောင် ဆောင်ရွက်ခဲ့သည်။ နောင်တွင် စစ်တကောင်းတောင်ဘက်၌ ဒီယင်ဂါတွင် ပေါတူဂီတို့အား ထားရှိ ခဲ့သည်။ ၁၆၆၅ ခုနှစ်တွင် မောင်းကွပ်တို့က စစ်တကောင်းကို စတိုက်သည်။ ကိုယ်ရံကြီးရာဇဗလကျော်ထင် အဖမ်းခံ ရသည်။ ရခိုင်တပ်ဆုတ် လာရာစစ်သူကြီးကို သွားရောက် တိုက်ခိုက်စေသော်လည်း ပျက်စီး၍ ပြန်လာခဲ့သည်။ ၁၆၆၆ ခုနှစ်တွင် မောင်းကွပ်တို့လက်သို့ ကျသွားသည်။ တောင်ဘက် မိုင် ၈၀ အကွာတွင် ပင်းဝါရှိသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)