ပရိမ်မြို့တော်

From Arakan Wikipedia
Revision as of 22:25, 8 October 2023 by Ounghlathein (talk | contribs)
Jump to: navigation, search
ကိုးသောင်းပုထိုးတော်

ပဉ္စာမြို့တော်ကို ဆက်ခံသည်။ လေးမြို့မြစ် လက်ဝဲကမ်း၌ လက်ျာမင်းနန်က ၁၁၀၃-ခုနှစ်တွင် မြို့တော်အဖြစ် တည်ထောင်ခဲ့သည်။ တောင်ကုန်းငယ်များနှင့် လွင်ပြင်များ တည်ရှိသည်။ ကောလိယမင်းက နန်းသစ်ကို တည်ခဲ့သည်။ ယင်းမင်းနှင့် သားတော်ဒသရာဇာ လက်ထက်တို့တွင် မြို့တော်သည် ထွန်းတောက်ခဲ့သည်။

မင်းဖုန်းစားလက်ထက် ၁၁၄၂ ခုနှစ်တွင် ခြိတ်မြို့၌နန်းစံခဲ့သဖြင့် ပရိမ်၏အရေးပါမှုမှာ လျော့ပါးသွားခဲ့သည်။ မြောက်ဦးခေတ်တွင်မူ စစ်ရေးအရ အရေးပါခဲ့သည်။ ကောလိယမင်းနန်းရာ၌ မြို့သာယာဟူ၍ ဖြစ်ထွန်းစည်ပင်ခဲ့သေးသည်။ ပရိမ်တွင် သက်တို့ကိုလည်း ထားခဲ့သေးသည်။ မြောက်ဦးခေတ်နှောင်းတွင် ဤအရပ်သည် မငြိမ်းချမ်းခဲ့ချေ။ မြောက်ဦးကျပြီးနောက် ဤအရပ်တွင် လူများစွာ အစုလိုက် သေပွဲဝင်ခဲ့ကြရ၏။ ပရိမ်မြို့တော်ကို နေရဉ္စရာတောင်ငူမြို့တော်က ဆက်ခံသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)