ယိုးတရုပ်
Revision as of 20:08, 26 November 2024 by Ounghlathein (talk | contribs) (Created page with "300px|thumb|right|Sample Image ယိုးချောင်း၏ လက်ဝဲကမ်း အလယ်ပို...")
ယိုးချောင်း၏ လက်ဝဲကမ်း အလယ်ပိုင်းတွင် အကြီးဆုံးသော ရွာကြီး ဖြစ်သည်။ အနောက်တောင်ဘက်အနီးတွင် ဘဲငါးရာတောင် ရှိသည်။ အထက်တန်းကျောင်း ရှိသည်။ တိုက်နယ်ကျန်းမာရေးဌာနနှင့် ရဲစခန်းရှိသည်။ စစ်တွေမြို့မှ ကားမိုင် ၄၂ မိုင်ဝေးသည်။ လူဦးရေ ၃၃၄၄ ဦးရှိသည်။ ဤရွာ၏စည်ပင်ခဲ့မှုကို ‘နတ်ပြည်ကဆုတ်၊ ယိုးတရုပ်’ ဟု တင်စားထားကြသည်။ ကွမ်းတောင်-ကျောက်တော် မီးရထားလမ်းသည် ယိုးတရုပ်ကို ဖြတ်သွားပြီး ဘူတာရုံ ရှိသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)