ဘုရားရီချိုးနိ
ဘုရားရေချိုးနေ့ကို ခေါ်သည်။ သင်္ကြန်ကာလ နံသာသွီးနိ ပြီးနောက် ကျသည့်နေ့ ဖြစ်သည်။ ဤနေ့သည် မဟာမုနိဆင်းတုတော်ကို သွန်းလုပ်ပြီးနောက် နောက်တစ်နှစ်တွင် ဆင်းတုတော်ကို နံသာရည်များဖြင့် ပူဇော်ရီချိုး (ရေသွန်) ပြီးနောက် စလာသည်ဖြစ်ပြီး ဆင်းတုတော်မှ စီးကျလာသည့်အရည်တို့ဖြင့် မင်္ဂလာရေစင် ပက်ဖြန်းကြသည်ကအစ ရခိုင်သင်္ကြန်သည် ဖြစ်လာသည်ဟု အယူရှိသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)