မဟာကျန်

From Arakan Wikipedia
Jump to: navigation, search
Sample Image


မဟာမုနိဆင်းတုတော်ကို သွန်းလုပ်သည့်အခါ ကြွင်းကျန်ရစ်သော ရတနာများဖြင့် သွန်းလုပ်ခဲ့သည့် ဆင်းတုတော်ငယ်များ ဖြစ်ကြသည်။ စုစုပေါင်း အပါးသုံးဆယ် ရှိခဲ့သည် ဟူ၏။ နှောင်းခေတ်တွင် ဆင်းတုတော်ငယ်များကိုလည်း မဟာကျန်ဟုပင် ခေါ်လာကြပြန်သည်။

မဟာကျန်များမှာ မဟာမုနိ ထိုင်ဟန်ရှိပြီး ကြာသင်္ကန်း စည်းထားဟန် သွန်းလုပ်ထားသည်။ စစ်တွေမြို့နယ်ကျေးလက် အောင်တိုင်ရှိ မဟာကျန်မှာ ဉာဏ်တော် ၁၄ လက်မ ရှိသည်။ တောင်ရင်းကျွန်း ကြိမ်ခွေမော်ရွာ တောကျောင်းရှိ မဟာကျန်မှာ ဉာဏ်တော် ဆယ့်သုံးလက်မ မြင့်သည်။ မင်းနောင်လှဘုရားဟု မြောက်ဦးခေတ် ကမ္ပည်း ရေးထွင်းထားသည်။ ကုလားဘုန်းကျွန်း ညောင်ပင်လယ်ရွာ ဘုန်းတော်ကြီးကျောင်းရှိ မဟာကျန်မှာ ဉာဏ်တော်ဆယ့်ခြောက်လက်မ မြင့်သည်။ မောင်တောမြို့ပေါ် မြို့မကျောင်းရှိ မဟာကျန်မှာ ဉာဏ်တော် ဆယ်လက်မ သုံးမတ် မြင့်သည်။ စစ်တကောင်းတောင်တန်း စိန်မြောင်ကျောင်းရှိ မဟာကျန် (ဉာဏ်တော် ၁၄ လက်မခန့်)မှာ ရပ်နီးရပ်ဝေး ထင်ရှားသည်။ ပွဲတော်မှာ အလွန်စည်ကားတတ်သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)