မအီမြို့
Jump to navigation
Jump to search
မအီချောင်းဝ လက်ယာကမ်းရှိ မအီရွာကို မြို့အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ မအီ-ကျောက်ဖြူလမ်းကြောင့် ပိုမိုထင်ရှား လာသည်။ ရပ်ကွက်လေးရပ်ကွက်၊ အထက်တန်းကျောင်း၊ တိုက်နယ် ကျန်းမာရေးဌာနနှင့် ရဲစခန်း ရှိသည်။ တောင်ကုတ်မှ မြောက်ဘက် ၃၅ မိုင်ဝေးသည်။ မြို့ပေါ်လူဦးရေ ၄၁၉၉ ဦးရှိသည်။
ကိုးကား
ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)