မိပန်းရံ
Jump to navigation
Jump to search
မြောက်ဦးခေတ်နှောင်းတွင် ထင်ရှားသည့် ရခိုင်နန်းတွင်းစာဆိုတစ်ဦး ဖြစ်သည်။ သူမ၏အဖမှာ အင်းဝမှ တိမ်းရှောင်လာခဲ့ပြီး အစ်မမှာ နရအဘယမဟာရာဇာမင်း၏ မြောက်မိဖုရားရှင်စိုးမင်း ဖြစ်သည်။ မင်းကြီးသည် မိပန်းရံကို အမတ်ရွှေသဲနှင့် ထိမ်းမြားပေးခဲ့သည်။ ဓါးပိုင်ကြီးငသောက်ကြာ (စန္ဒသုမနမင်း)သည် ရွှေသဲကို စီရင်ခဲ့သော်လည်း မယားမိပန်းရံကို လွှတ်ခဲ့သည်။ စန္ဒဝိမလ နန်းရသည့်အခါ မိပန်းရံကို စားကျေးအဖြစ် ရိုးကျွန်းနှင့် စိန်တင်အရာကို ပေးခဲ့သည်။ လျှောက်ထုံးတစ်ခုကြောင့် မိပန်းရံကို သီရိမလ္လာအမည်ကို ပေးခဲ့သည်။
ကိုးကား
ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)