Difference between revisions of "မဟာပညာကျော်"
Ounghlathein (talk | contribs) |
|||
(3 intermediate revisions by 2 users not shown) | |||
Line 1: | Line 1: | ||
<strong>မဟာပညာကျော်(၁၄၈၈-၁၅၉၉)</strong> | <strong>မဟာပညာကျော်(၁၄၈၈-၁၅၉၉)</strong> | ||
− | |||
− | == | + | [[မြောက်ဦးခေတ်]]အလယ်တွင် အထင်ရှားဆုံးသော ပညာရှိသုခမိန် ဖြစ်သည်။ ပညာရှိမျိုးရိုးဖြစ်ပြီး ငယ်မည်မှာ မြတ်သာထွန်း ဖြစ်သည်။ [[မင်းဘာကြီး]]၊ [[သျှင်မြဝါ]]တို့နှင့် ငယ်သူငယ်ချင်းလည်း ဖြစ်သည်။ ဉာဏ်ပညာအရာ၌ ထူးချွန်ပြီး မင်းဘာကြီး၏ ပြုပြင်ပြောင်းလဲရေးတွင် တရားစစ်သူကြီးအဖြစ် ပါဝင်ခဲ့သည်။ |
− | + | ||
+ | အုပ်ချုပ်ရေးအတွက် အရေးကြီးသော [[ရွှီမျှိုင်းဓမ္မသတ်]]ကို သျှင်မြဝါနှင့်အတူ ရေးဆွဲခဲ့သည်။ ဆယ့်နှစ်ဦးပါဝင်သော သုခမိန်အဖွဲ့တွင် အမတ်ချုပ်ကြီးဖြစ်ခဲ့သည်။ စီမံမှုကောင်းသဖြင့် ၁၅၃၃-ခုနှစ်တွင် စစ်တကောင်းမြို့စားနှင့် မဟာပညာကျော်ဘွဲ့တို့ကို ရရှိခဲ့ပြန်သည်။ မင်းခြောက်ဆက်တိုင် မင်းတိုင်ပင်အမတ်ကြီးဖြစ်ခဲ့ပြီး ဘုရင်ကို သွန်သင်ဆုံးခွင့် ရရှိခဲ့သည်။ သူ၏ဖြတ်ထုံးများသည် အစဉ်အလာ ဓမ္မသတ် ပေါ်တွင်သာမက ပစ္စက္ခအခြေအနေပေါ်တွင် ကိုယ်ပိုင်ဉာဏ်ကွန့်မြူးပြီး စီရင်ဆုံးဖြတ် နိုင်ခဲ့သည်။ ဆယ့်နှစ်ရာသီ ရတု၊ စစ်ချီတက်ကျမ်းနှင့် ရာဇနီတိကျမ်းတို့ကိုလည်း ပြုစုခဲ့သည်။ [[မင်းရာဇာကြီး]]လက်ထက် ဟံသာဝတီစစ်ချီခရီး (ယင်း-ရှု) မှအပြန် ၁၅၉၉-ခုနှစ်တွင် [[မော်တင်]]အနီး၌ လွန်လေသည်။ | ||
+ | |||
+ | == ကိုးကား == | ||
+ | ၁။ [[ရခိုင်သုတအဘိဓာန်]]၊ [[အောင်လှသိန်း]] |
Latest revision as of 21:26, 13 October 2022
မဟာပညာကျော်(၁၄၈၈-၁၅၉၉)
မြောက်ဦးခေတ်အလယ်တွင် အထင်ရှားဆုံးသော ပညာရှိသုခမိန် ဖြစ်သည်။ ပညာရှိမျိုးရိုးဖြစ်ပြီး ငယ်မည်မှာ မြတ်သာထွန်း ဖြစ်သည်။ မင်းဘာကြီး၊ သျှင်မြဝါတို့နှင့် ငယ်သူငယ်ချင်းလည်း ဖြစ်သည်။ ဉာဏ်ပညာအရာ၌ ထူးချွန်ပြီး မင်းဘာကြီး၏ ပြုပြင်ပြောင်းလဲရေးတွင် တရားစစ်သူကြီးအဖြစ် ပါဝင်ခဲ့သည်။
အုပ်ချုပ်ရေးအတွက် အရေးကြီးသော ရွှီမျှိုင်းဓမ္မသတ်ကို သျှင်မြဝါနှင့်အတူ ရေးဆွဲခဲ့သည်။ ဆယ့်နှစ်ဦးပါဝင်သော သုခမိန်အဖွဲ့တွင် အမတ်ချုပ်ကြီးဖြစ်ခဲ့သည်။ စီမံမှုကောင်းသဖြင့် ၁၅၃၃-ခုနှစ်တွင် စစ်တကောင်းမြို့စားနှင့် မဟာပညာကျော်ဘွဲ့တို့ကို ရရှိခဲ့ပြန်သည်။ မင်းခြောက်ဆက်တိုင် မင်းတိုင်ပင်အမတ်ကြီးဖြစ်ခဲ့ပြီး ဘုရင်ကို သွန်သင်ဆုံးခွင့် ရရှိခဲ့သည်။ သူ၏ဖြတ်ထုံးများသည် အစဉ်အလာ ဓမ္မသတ် ပေါ်တွင်သာမက ပစ္စက္ခအခြေအနေပေါ်တွင် ကိုယ်ပိုင်ဉာဏ်ကွန့်မြူးပြီး စီရင်ဆုံးဖြတ် နိုင်ခဲ့သည်။ ဆယ့်နှစ်ရာသီ ရတု၊ စစ်ချီတက်ကျမ်းနှင့် ရာဇနီတိကျမ်းတို့ကိုလည်း ပြုစုခဲ့သည်။ မင်းရာဇာကြီးလက်ထက် ဟံသာဝတီစစ်ချီခရီး (ယင်း-ရှု) မှအပြန် ၁၅၉၉-ခုနှစ်တွင် မော်တင်အနီး၌ လွန်လေသည်။